ရတနာနှင်းဆီအဆင့်မြင့်အိမ်ရာ






စင်္ကာပူနိုင်ငံ၏ Surbana Jurong မှဒီဇိုင်းရေးဆွဲ၍ဆောက်လုပ်ရေးဝန်ကြီးဌာနမှတည်ဆောက်လျက်ရှိသောဈေးနှုန်းတင့်သင့်မျှတပြီးသက်တောင့်သက်သာရှိလှသောလူနေအိမ်ရာအဆင့်မြင့်တိုက်ခန်းများသည်မြို့ပြဖွံ့ဖြိုးမှုဆိုင်ရာဒဂုံဆိပ်ကမ်းမြို့နယ်တွင်တည်ရှိပါသည်။ ရတနာနှင်းဆီအဆင့်မြင့်အိမ်ရာတွင် ဝယ်ယူနေထိုင်သူများသည်ကျယ်ဝန်းသောအထူးအိပ်ခန်း(၂)ခန်းပါရှိသည့်တိုက်ခန်းများ၊ပြီးပြည့်စုံသော အိပ်ခန်း(၃)ခန်းပါရှိသည့်တိုက်ခန်းများနှင့် ကျယ်ဝန်းသည့်အိပ်ခန်း(၄)ခန်းပါရှိသောတိုက်ခန်းများကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပါသည်။မိသားစုများအတွက် အဆင်ပြေချောမွေ့မှုရှိစေရန်အခန်းတစ်ခန်း ချင်းစီတွင် Kitchen Counter & Cabinet များပါရှိပါသည်။နေထိုင်သူအိမ်ရှင်များအနေဖြင့်လည်းစိတ် အပန်းဖြေနိုင်သောနေရာများ၊ကျယ်ဝန်းသောကားပါကင်များနှင့်အတူလုံခြုံစိတ်ချရသည့်ဂိတ်တံခါးများ လည်းဆောင်ရွက်ထားသဖြင့် စိတ်အေးချမ်းသာစွာအနားယူနိုင်မည်ဖြစ်ပါသည်။ရတနာနှင်းဆီအ ဆင့်မြင့်အိမ်ရာတွင်နေထိုင်ခြင်းဖြင့်အဆောက်အဦးတစ်ခုချင်းစီ၏(၁၀)လွှာတွင်ရင်သပ်ရှုမောဖွယ် ကောင်းသောမြင်ကွင်းများနှင့်လှပသောပတ်ဝန်းကျင်ကိုခံစားနားနေနိုင်မည့်အပန်းဖြေနေရာ ပါဝင်ပါသည်။
နေထိုင်ရန်အကောင်းဆုံးမြို့
ရတနာနှင်းဆီအဆင့်မြင့်အိမ်ရာသည်ခေါတ်မှီသောအနာဂတ်မြို့ပြအဆောက်အဦးများဆောင်ရွက်လျက်ရှိသည့်ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းတည်ရှိပါသည်။ရန်ကုန်မြို့လည်နှင့်မနီးမဝေးသောနေရာတွင်တည်ရှိ ပြီးအခြားမြို့နယ်များသို့လည်းလွယ်လင့်တကူသွားလာနိုင်ပါသည်။ထို့အပြင်အနာဂတ်တွင်အကောင်အထည်ဖော်ဆောင်ရွက်မည့်ဟံသာဝတီ(ပဲခူး)နိုင်ငံတကာလေဆိပ်သစ်ကြီးနှင့်ချိတ်ဆက်ထားသောလမ်း ကြောင်းပေါ်တွင်တည်ရှိပါသည်။
ရတနာနှင်းဆီအဆင့်မြင့်အိမ်ရာ
ရတနာနှင်းဆီအဆင့်မြင့်အိမ်ရာကို မြေဧရိယာ(၁၈)ဧကပေါ်တွင်တည်ဆောက်ထား၍အလုံးစုံပြီးပြည့်စုံ သော(၁၈)ထပ်အဆောက်အဦး(၁၂)လုံးဖြင့်ဖွဲ့စည်းတည်ဆောက်သွားမည်ဖြစ်ပါသည်။ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာဝင်းအတွင်းနေထိုင်သူများဧည့်သည်များအဆင်ပြေချောမွေ့စေရန်ဈေးဆိုင်ခန်းများ၊ သက်ကြီးရွယ်အိုများအတွက်ကိုယ်လက်အားကစားပြုလုပ်ရန်နေရာများ၊ကြက်တောင်ရိုက်ကစားကွင်း၊ ကလေးကစားကွင်းများနှင့်အပန်းဖြေဥယျာဉ်၊ပန်းခြံများတွင်အေးချမ်းပျော်ရွှင်စွာအပန်းဖြေနိုင်မည်ဖြစ် ပါသည်။ဝင်ပေါက်များတွင်လုံခြုံရေး(အပြည့်အစုံ)ပါရှိပြီးနေထိုင်သူများနှင့်ဧည့်သည်များအဆင်ပြေချော မွေ့စေရန်အတွက်လုံလောက်သောအထပ်မြင့်ကားပါကင်များလည်းပါဝင်ပါသည်။
ခေတ်မှီသောမြို့သစ်
ဒဂုံဆိပ်ကမ်းမြို့နယ်သည်အဆင်ပြေချောမွေ့သောလမ်းပန်းဆက်သွယ်ရေး၊မြို့ပြဝန်ဆောင်မှုတိုက်တာအဆောက်အဦးများနှင့်အတူခေတ်မှီဖွံ့ဖြိုးသောမြို့တော်တစ်ခုဖြစ်လာမည်ဖြစ်ပါသည်။လက်ရှိတွင် ကျောင်းများ၊ဈေးများ၊ဘုန်းကြီးကျောင်းအပြင်ဒဂုံဆိပ်ကမ်းမြို့နယ်အနာဂတ်ဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက်မြို့ပြအင်္ဂါရပ်နှင့်ညီသောအဆောက်အဦးများ၊အဆင့်မြင့်အားကစားကွင်း၊ဆိုင်ခန်းနှင့်တွဲလျက်ပါရှိသောအိမ်ခန်းများ၊Transportation Square နှင့် ခေတ်မှီသော Shopping Complex များလည်း ပါဝင် မည်ဖြစ်ပါ သည်။
တိုက်ခန်းဈေးနှုန်းများ
တိုက်အမှတ် | ဈေးနှုန်း (သိန်း) | စတုရန်းပေ |
1(A/B),3(A/B) | ၆၀၀ | ၆၀၀ |
၁၂၀၀ | ၁၂၀၀ | |
6(A/B) | ၆၂၀ | ၆၀၀ |
၁၂၈၀ | ၁၂၀၀ |
အရစ်ကျငွေပေးချေမှုစနစ်
CHID Bankနှင့်ချိတ်ဆက်၍ ချေးငွေရယူမည် ဆိုပါက CHID Bank တွင် အိမ်ရာစုဆောင်းငွေစာရင်း ဖွင့်လှစ်ထားရှိရပါမည်။ အတိုးနှုန်း (၁၀) % ဖြင့် ချေးငွေကာလ (၁၅) နှစ်အထိ ပေးနိုင်ပါသည်။
Down Payment (၅၀%) ကို(၁)နှင်အရစ်ကျပေးသွင်းပြီးနောက်ကျန်(၅၀%)ကို CHIDBank နှင့်ချိတ်ဆက်၍ Housing Loan System ဖြင့် (၁နှစ်မှ၁၅နှစ်)အထိမိမိတို့ကြိုက် နှစ်သက်ရာ ဖြင့်ရွေးချယ်ဝယ်ယူနိုင်ပါသည်။
အရောင်းခန်းမ(၁)
Yangon City Gallery
အိုးအိမ်မှတ်တိုင်ရှေ့၊ဗိုလ်ချုပ်လမ်းအမှတ်(၂၂၈-၂၃၄)ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ဗိုလ်တစ်ထောင်မြို့နယ် ဖုန်း ၀၉၈၉၇၈၈၆၆၈၀,၀၉၈၉၇၈၈၆၆၈၁
အရောင်းခန်းမ(၂)
ရတနာနှင်းဆီအိမ်ရာအရောင်းခန်းမ
ရတနာလမ်း၊အလိုပြည့်ဘုန်းကြီးကျောင်းရှေ့၊(၆၁)ရပ်ကွက်
ဒဂုံဆိပ်ကမ်းမြို့နယ် ဖုန်း ၀၉၄၄၄၈၁၅၁၇၀,၀၉၄၄၄၈၁၅၁၇၁
Email: duhdit@gmail.com
Website: www.construction.gov.mm