အောင်မြင့်မိုရ်အိမ်ရာစီမံကိန်း

ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၊ မြေတိုင်းရပ်ကွက်(၁၄၄) ၊ ရိုးမရိပ်သာ နှင့် အောင်မြင့်မိုရ်လမ်းအကြားတွင်တည်ရှိပါသည်။
၄၈၄/၅၂၂ စတုရန်းပေ: ၁၁၁ သိန်း- ၁၅၆ သိန်း
၄၆၈ စတုရန်းပေ: ၁၀၆ သိန်း-၁၅၁ သိန်း

အိမ်ရာဝယ်ယူမည်ဆိုပါက CHID Bankတွင် အိမ်ရာစုဆောင်းငွေသိန်း(၃၀)အရင်စုဆောင်း၍ စောင့်ဆိုင်းနေရမှာဖြစ်ပါတယ်။

(စောင့်ဆိုင်းနေစဉ်မှာ အတိုးရရှိမှာဖြစ်ပါတယ် အတိုးနှုန်းမှာ 6%ဖြစ်ပါတယ်)

သိန်း(၃၀)ပြည့်တဲ့နေ့ကစပြီးစီနီယာစသတ်မှတ်တာပါ senior စဝင်သည့်နေ့မှ အနည်းဆုံး ၆လ မှ အများဆုံး ၁နှစ်လောက်ထိ

၀ယ်ယူခွင့်ရရန် စောင့်ဆိုင်းရပါတယ်။

မြို့ပြနှင့်အိုးအိမ်ကအိမ်ရာတွေရောင်းချတဲ့အခါရောင်းချမည့်အိမ်ရာများနှင့်လျောက်ထားနိုင်သူများစာရင်းအားထိုစီနီယာနံပါတ်အလိုက်

CHID Facebook page, အိုးအိမ် facebook pageဖြစ်တဲ့ DUHD SaleHousingတို့မှာတင်ပေးမှာဖြစ်ပါတယ်။

သတင်းစာထဲမှာလည်းအိမ်ရာအရောင်းပွဲကိုကြေငြာပေးမှာဖြစ်ပါတယ်။

ထိုစာရင်းတွင်မိမိအမည်ပါဝင်ပါကအိုးအိမ်ရုံးတွင်လျောက်ထားနိုင်ပြီဖြစ်ပါတယ်။

လျောက်ထားပြီး၍ အိမ်ရာဝယ်ယူခွင့်ရရှိပြီဆိုတော့မှ အခန်းနှင့်အလွှာကိုမဲနှိုက်တာဖြစ်ပါတယ်။

အခန်းရရှိပြီးတဲ့နောက်ဘဏ်နှင့်စာချုပ်ချုပ်တော့မယ့်အခါမှအိမ်ရာတန်ဖိုး၏၃၀%ကိုDownpaymentပေးရမှာဖြစ်ပါတယ်။

(Downpaymentမှာမိမိစုဆောင်းထားသည့်သိန်း၃၀နှင့်လိုအပ်သည့်ငွေဖြစ်ပါတယ်)

ဒါဆို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရောင်းချသည့်အိမ်ရာများအားချေးငွေသက်တမ်း ၈နှစ်၊ ၁၀နှစ်၊ ၁၅နှစ်ဖြင့် အရစ်ကျ ၀ယ်ယူနိုင်ပြီ ဖြစ်ပါသည်။

အိမ်ရာရရှိပြီးဘဏ်နှင့်ချေးငွေစာချုပ်ချုပ်ဆိုပြီးလျှင် အိမ်ရာပေါ်တွင် တက်ရောက်နေထိုင်နိုင်ပြီ ဖြစ်ပါသည်။

နေထိုင်ရင်းနဲ့မှ လစဉ်အရစ်ကျ ပြန်လည်ပေးသွင်းသွားရမှာဖြစ်ပါတယ်။

မြို့ပြနှင့်အိုးအိမ်ကတစ်နှစ်ကိုအနည်းဆုံး၃ကြိမ်(သို့မဟုတ်)၄ကြိမ်လောက်အရောင်းပွဲပြုလုပ်ပေးပါတယ်။

 

Ask about this housing

(၄) ခန်းတွဲ (၃)ထပ် (၉၀၀/၁၃၀၀ စတုရန်းပေ)(Shop House)

အထပ် ဈေးနှုန်း (ကျပ်သိန်း)
ဒုတိယထပ် ၂၇၀
ပထမထပ် ၃၀၀
မြေညီထပ် ၄၅၀

 

(၈) ခန်းတွဲ (၄)ထပ်တိုက် (၄၈၄/၅၂၂ စတုရန်းပေ)

အထပ် ၅၂၂ စ/ပေ ဈေးနှုန်း(ကျပ်သိန်း) ၄၈၄ စ/ပေ ဈေးနှုန်း(ကျပ်သိန်း)
တတိယထပ် ၁၁၆ ၁၁၁
ဒုတိယထပ် ၁၂၆ ၁၂၁
ပထမထပ် ၁၃၆ ၁၃၁
မြေညီထပ် ၁၅၆ ၁၅၆

 

(၆) ခန်းတွဲ (၄)ထပ်တိုက် (၄၆၈ စတုရန်းပေ)

အထပ် ဈေးနှုန်း (ကျပ်သိန်း)
တတိယထပ် ၁၀၆
ဒုတိယထပ် ၁၁၁
ပထမထပ် ၁၂၁
မြေညီထပ် ၁၅၁

 

 

 

 

အရစ်ကျငွေပေးချေမှုစနစ်

Down payment ၃၀ % သွင်းကာ ကျန် ၇၀ % ကိုချေးငွေကာလ (၄)နှစ်၊(၈)နှစ်၊(၁၀)နှစ်အထိချေးငွေရယူနိုင်ပါသည်။

အရောင်းခန်းမ(၁)

Yangon City Gallery

အိုးအိမ်မှတ်တိုင်ရှေ့၊ဗိုလ်ချုပ်လမ်းအမှတ်(၂၂၈-၂၃၄)ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ဗိုလ်တစ်ထောင်မြို့နယ် ဖုန်း ၀၉၈၉၇၈၈၆၆၈၀,၀၉၈၉၇၈၈၆၆၈၁

အရောင်းခန်းမ(၂)

ရတနာနှင်းဆီအိမ်ရာအရောင်းခန်းမ

ရတနာလမ်း၊အလိုပြည့်ဘုန်းကြီးကျောင်းရှေ့၊(၆၁)ရပ်ကွက် ဒဂုံဆိပ်ကမ်းမြို့နယ် ဖုန်း ၀၉၄၄၄၈၁၅၁၇၀,၀၉၄၄၄၈၁၅၁၇၁

Email: duhdit@gmail.com
Website: www.construction.gov.mm