သီလဝါတန်ဖိုးနည်းအိမ်ရာစီမံကိန်း

သန်လျင်-ကျောက်တန်းမြို့နယ်၊ သီလဝါအထူးဖွံ့ဖြိုးရေးလမ်း၊ သီလဝါစက်မှုဇုန် (local Indusrtial Zone)နှင့် TSEZ စက်မှုဇုန်အနီးတွင် တည်ရှိပါသည်။
၄၀၀-၄၄၀ စတုရန်းပေ: ၁၀၄ သိန်း-၁၃၄ သိန်း
၃၈၄ စတုရန်းပေ: ၉၉ သိန်း-၁၂၃ သိန်း

အိမ်ရာဝယ်ယူမည်ဆိုပါက CHID Bankတွင် အိမ်ရာစုဆောင်းငွေသိန်း(၃၀)အရင်စုဆောင်း၍ စောင့်ဆိုင်းနေရမှာဖြစ်ပါတယ်။

(စောင့်ဆိုင်းနေစဉ်မှာ အတိုးရရှိမှာဖြစ်ပါတယ် အတိုးနှုန်းမှာ 6%ဖြစ်ပါတယ်)

သိန်း(၃၀)ပြည့်တဲ့နေ့ကစပြီးစီနီယာစသတ်မှတ်တာပါ senior စဝင်သည့်နေ့မှ အနည်းဆုံး ၆လ မှ အများဆုံး ၁နှစ်လောက်ထိ

၀ယ်ယူခွင့်ရရန် စောင့်ဆိုင်းရပါတယ်။

မြို့ပြနှင့်အိုးအိမ်ကအိမ်ရာတွေရောင်းချတဲ့အခါရောင်းချမည့်အိမ်ရာများနှင့်လျောက်ထားနိုင်သူများစာရင်းအားထိုစီနီယာနံပါတ်အလိုက်

CHID Facebook page, အိုးအိမ် facebook pageဖြစ်တဲ့ DUHD SaleHousingတို့မှာတင်ပေးမှာဖြစ်ပါတယ်။

သတင်းစာထဲမှာလည်းအိမ်ရာအရောင်းပွဲကိုကြေငြာပေးမှာဖြစ်ပါတယ်။

ထိုစာရင်းတွင်မိမိအမည်ပါဝင်ပါကအိုးအိမ်ရုံးတွင်လျောက်ထားနိုင်ပြီဖြစ်ပါတယ်။

လျောက်ထားပြီး၍ အိမ်ရာဝယ်ယူခွင့်ရရှိပြီဆိုတော့မှ အခန်းနှင့်အလွှာကိုမဲနှိုက်တာဖြစ်ပါတယ်။

အခန်းရရှိပြီးတဲ့နောက်ဘဏ်နှင့်စာချုပ်ချုပ်တော့မယ့်အခါမှအိမ်ရာတန်ဖိုး၏၃၀%ကိုDownpaymentပေးရမှာဖြစ်ပါတယ်။

(Downpaymentမှာမိမိစုဆောင်းထားသည့်သိန်း၃၀နှင့်လိုအပ်သည့်ငွေဖြစ်ပါတယ်)

ဒါဆို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရောင်းချသည့်အိမ်ရာများအားချေးငွေသက်တမ်း ၈နှစ်၊ ၁၀နှစ်၊ ၁၅နှစ်ဖြင့် အရစ်ကျ ၀ယ်ယူနိုင်ပြီ ဖြစ်ပါသည်။

အိမ်ရာရရှိပြီးဘဏ်နှင့်ချေးငွေစာချုပ်ချုပ်ဆိုပြီးလျှင် အိမ်ရာပေါ်တွင် တက်ရောက်နေထိုင်နိုင်ပြီ ဖြစ်ပါသည်။

နေထိုင်ရင်းနဲ့မှ လစဉ်အရစ်ကျ ပြန်လည်ပေးသွင်းသွားရမှာဖြစ်ပါတယ်။

မြို့ပြနှင့်အိုးအိမ်ကတစ်နှစ်ကိုအနည်းဆုံး၃ကြိမ်(သို့မဟုတ်)၄ကြိမ်လောက်အရောင်းပွဲပြုလုပ်ပေးပါတယ်။

 

 

လက်ငင်းအကြေစနစ်ဖြင့် ဝယ်ယူလိုသူများ သိရှိရမည့် အချက်အလက်များနှင့် လိုက်နာရမည့် စည်းကမ်းများ

ကိုယ်တိုင်လာရောက်ပြီး မှတ်ပုံတင်မူရင်းနှင့်အတူ မှတ်ပုံတင် မိတ္တူ၊ ထင်ရှားမြင်သာ သောသန်းခေါင် စာရင်းမိတ္တူ၊ အိမ်ရာစုဆောင်းငွေစာအုပ်မူရင်းနှင့် အတူ မိတ္တူများ ကိုတပါတည်းယူဆောင် လာရပါမည်။

 ဌာနသို့ တန်ဖိုးငွေ သွင်းရန်အတွက် ငွေသွင်းချလံကို ဝယ်ယူသည့်နေ့တွင် တပါတည်း ဖြတ်ပေးမည် ဖြစ်၍ ဘဏ်ငွေသွင်းချလံကို ဌာနသို့ တစ်ပတ်အတွင်းပြန်လည်အပ်နှံမှသာအခန်းဝယ်ယူခြင်းကိုအတည်ပြုပါမည်။

ငွေသွင်းချလံကို တစ်ပတ်အတွင်း မပျက်မကွက် (မပျက်မကွက်) ဌာနသို့ပြန်လည် ပေးအပ်ရမည် ဖြစ်ပြီး ငွေပေးသွင်းခြင်းမရှိပါကဝယ်ယူခွင့်ပယ်ဖျက်ပါမည်။

တိုက်ခန်းဝယ်ယူခွင့်ရရှိပြီးပါက CHIB ဘဏ်သို့ အမည်စာရင်းပေးပို့ကာ နောင်တွင် ချေးငွေဖြင့် ဝယ်ယူမည့်စာရင်းမှ ပယ်ဖျက်သွားမည် ဖြစ်ပါသည်။

 

 

     ဘဏ်ချေးငွေဖြင့်ဝယ်ယူလိုသူများ သိရှိရမည့်အချက်အလက်များနှင့် လိုက်နာရမည့်စည်းကမ်းများ။

CHID Bankတွင် အခန်းတန်ဖိုး၏ (၃၀% မှ ၅၀%) အတွင်း ကနဦးပေးသွင်းငွေဖြင့်ဝယ်ယူနိုင်ပါသည်။

ချေးငွေဖြင့်ဝယ်ယူလိုသူများအနေဖြင့် ချေးငွေရယူရန်အတွက် CHID Bank မှ အိမ်ရာချေးငွေလျောက်ထားသူများသို့စီစစ်ခြင်းကိစ္စရပ်များကို ကြိုတင်သိရှိနိုင်စေရန် အသိပေးကြေငြာစာများဖတ်ရှုထားရပါမည်။

ဝယ်ယူလိုသူများသည်အိမ်ရာချေးငွေအတွက် လိုအပ်သည့်အထောက်အထားအပြည့်အစုံကို မိမိစာရင်းဖွင့်လှစ်ထားသည့် CHID Bankသို့ တင်ပြလျောက်ထားရန်နှင့် ဘဏ်မှ ချေးငွေခွင့်ပြုနိုင်သည့်သူများကိုသာ အိမ်ရာချေးငွေဖြင့် ဝယ်ယူခြင်းကို အတည်ပြုပေးမည်ဖြစ်ပါသည်။

Ask about this housing

(၈)ခန်းတွဲ(၅)ထပ် (၄၀၀/၄၄၀ စတုရန်းပေ/Shop House ၉၄၀ စတုရန်းပေ)

အထပ် ဈေးနှုန်း(သိန်း)
မြေညီထပ် ၁၃၄
ပထမထပ် ၁၂၁/၁၃၁
ဒုတိယထပ် ၁၁၅/၁၂၄
တတိယထပ် ၁၁၀/၁၁၈
စတုတ္ထထပ် ၁၀၄/၁၁၂

 

(၆)ခန်းတွဲ(၅)ထပ် (၃၈၄ စတုရန်းပေ)

အထပ် ဈေးနှုန်း (သိန်း)
မြေညီထပ် ၁၂၃
ပထမထပ် ၁၁၅
ဒုတိယထပ် ၁၁၀
တတိယထပ် ၁၀၄
စတုတ္ထထပ် ၉၉

အရစ်ကျငွေပေးချေမှုစနစ်

Down payment ၃၀ % သွင်းကာ ကျန် ၇၀ % ကိုချေးငွေကာလ (၈)နှစ်၊(၁၀)နှစ်၊(၁၅)နှစ်အထိချေးငွေရယူနိုင်ပါသည်။

အရောင်းခန်းမ(၁)

Yangon City Gallery

အိုးအိမ်မှတ်တိုင်ရှေ့၊ဗိုလ်ချုပ်လမ်းအမှတ်(၂၂၈-၂၃၄)ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ဗိုလ်တစ်ထောင်မြို့နယ် ဖုန်း ၀၉၈၉၇၈၈၆၆၈၀,၀၉၈၉၇၈၈၆၆၈၁

အရောင်းခန်းမ(၂)

ရတနာနှင်းဆီအိမ်ရာအရောင်းခန်းမ

ရတနာလမ်း၊အလိုပြည့်ဘုန်းကြီးကျောင်းရှေ့၊(၆၁)ရပ်ကွက် ဒဂုံဆိပ်ကမ်းမြို့နယ် ဖုန်း ၀၉၄၄၄၈၁၅၁၇၀,၀၉၄၄၄၈၁၅၁၇၁

Email: duhdit@gmail.com
Website: www.construction.gov.mm