ယုဇနအိမ်ရာ အပိုင်း(၄)

ယုဇနအိမ်ရာ စီမံကိန်း အပိုင်း(၄)သည် အမှတ်(၉၂) ရပ်ကွက် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင်တည်ရှိပါသည်။
၄၀၀ စတုရန်းပေ: ၁၀၅-၁၃၅ သိန်း

အိမ်ရာဝယ်ယူမည်ဆိုပါက CHID Bankတွင် အိမ်ရာစုဆောင်းငွေသိန်း(၃၀)အရင်စုဆောင်း၍ စောင့်ဆိုင်းနေရမှာဖြစ်ပါတယ်။

(စောင့်ဆိုင်းနေစဉ်မှာ အတိုးရရှိမှာဖြစ်ပါတယ် အတိုးနှုန်းမှာ 6%ဖြစ်ပါတယ်)

သိန်း(၃၀)ပြည့်တဲ့နေ့ကစပြီးစီနီယာစသတ်မှတ်တာပါ senior စဝင်သည့်နေ့မှ အနည်းဆုံး ၆လ မှ အများဆုံး ၁နှစ်လောက်ထိ

၀ယ်ယူခွင့်ရရန် စောင့်ဆိုင်းရပါတယ်။

မြို့ပြနှင့်အိုးအိမ်ကအိမ်ရာတွေရောင်းချတဲ့အခါရောင်းချမည့်အိမ်ရာများနှင့်လျောက်ထားနိုင်သူများစာရင်းအားထိုစီနီယာနံပါတ်အလိုက်

CHID Facebook page, အိုးအိမ် facebook pageဖြစ်တဲ့ DUHD SaleHousingတို့မှာတင်ပေးမှာဖြစ်ပါတယ်။

သတင်းစာထဲမှာလည်းအိမ်ရာအရောင်းပွဲကိုကြေငြာပေးမှာဖြစ်ပါတယ်။

ထိုစာရင်းတွင်မိမိအမည်ပါဝင်ပါကအိုးအိမ်ရုံးတွင်လျောက်ထားနိုင်ပြီဖြစ်ပါတယ်။

လျောက်ထားပြီး၍ အိမ်ရာဝယ်ယူခွင့်ရရှိပြီဆိုတော့မှ အခန်းနှင့်အလွှာကိုမဲနှိုက်တာဖြစ်ပါတယ်။

အခန်းရရှိပြီးတဲ့နောက်ဘဏ်နှင့်စာချုပ်ချုပ်တော့မယ့်အခါမှအိမ်ရာတန်ဖိုး၏၃၀%ကိုDownpaymentပေးရမှာဖြစ်ပါတယ်။

(Downpaymentမှာမိမိစုဆောင်းထားသည့်သိန်း၃၀နှင့်လိုအပ်သည့်ငွေဖြစ်ပါတယ်)

ဒါဆို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရောင်းချသည့်အိမ်ရာများအားချေးငွေသက်တမ်း ၈နှစ်၊ ၁၀နှစ်၊ ၁၅နှစ်ဖြင့် အရစ်ကျ ၀ယ်ယူနိုင်ပြီ ဖြစ်ပါသည်။

အိမ်ရာရရှိပြီးဘဏ်နှင့်ချေးငွေစာချုပ်ချုပ်ဆိုပြီးလျှင် အိမ်ရာပေါ်တွင် တက်ရောက်နေထိုင်နိုင်ပြီ ဖြစ်ပါသည်။

နေထိုင်ရင်းနဲ့မှ လစဉ်အရစ်ကျ ပြန်လည်ပေးသွင်းသွားရမှာဖြစ်ပါတယ်။

မြို့ပြနှင့်အိုးအိမ်ကတစ်နှစ်ကိုအနည်းဆုံး၃ကြိမ်(သို့မဟုတ်)၄ကြိမ်လောက်အရောင်းပွဲပြုလုပ်ပေးပါတယ်။

Ask about this housing

(၈) ခန်းတွဲ (၄) ထပ်

 

 

 

 

 

အရစ်ကျငွေပေးချေမှုစနစ်

Down payment ၃၀ % သွင်းကာ ကျန် ၇၀ % ကိုချေးငွေကာလ (၈)နှစ်၊(၁၀)နှစ်၊(၁၅)နှစ်အထိချေးငွေရယူနိုင်ပါသည်။

အရောင်းခန်းမ(၁)

Yangon City Gallery

အိုးအိမ်မှတ်တိုင်ရှေ့၊ဗိုလ်ချုပ်လမ်းအမှတ်(၂၂၈-၂၃၄)ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ဗိုလ်တစ်ထောင်မြို့နယ် ဖုန်း ၀၉၈၉၇၈၈၆၆၈၀,၀၉၈၉၇၈၈၆၆၈၁

အရောင်းခန်းမ(၂)

ရတနာနှင်းဆီအိမ်ရာအရောင်းခန်းမ

ရတနာလမ်း၊အလိုပြည့်ဘုန်းကြီးကျောင်းရှေ့၊(၆၁)ရပ်ကွက် ဒဂုံဆိပ်ကမ်းမြို့နယ် ဖုန်း ၀၉၄၄၄၈၁၅၁၇၀,၀၉၄၄၄၈၁၅၁၇၁

Email: duhdit@gmail.com
Website: www.construction.gov.mm