ကျန်စစ်မင်းအိမ်ရာ အပိုင်း(၁)

အိမ်ရာဝယ်ယူမည်ဆိုပါက CHID Bankတွင် အိမ်ရာစုဆောင်းငွေသိန်း(၃၀)အရင်စုဆောင်း၍ စောင့်ဆိုင်းနေရမှာဖြစ်ပါတယ်။
(စောင့်ဆိုင်းနေစဉ်မှာ အတိုးရရှိမှာဖြစ်ပါတယ် အတိုးနှုန်းမှာ 6%ဖြစ်ပါတယ်)
သိန်း(၃၀)ပြည့်တဲ့နေ့ကစပြီးစီနီယာစသတ်မှတ်တာပါ senior စဝင်သည့်နေ့မှ အနည်းဆုံး ၆လ မှ အများဆုံး ၁နှစ်လောက်ထိ
၀ယ်ယူခွင့်ရရန် စောင့်ဆိုင်းရပါတယ်။
မြို့ပြနှင့်အိုးအိမ်ကအိမ်ရာတွေရောင်းချတဲ့အခါရောင်းချမည့်အိမ်ရာများနှင့်လျောက်ထားနိုင်သူများစာရင်းအားထိုစီနီယာနံပါတ်အလိုက်
CHID Facebook page, အိုးအိမ် facebook pageဖြစ်တဲ့ DUHD SaleHousingတို့မှာတင်ပေးမှာဖြစ်ပါတယ်။
သတင်းစာထဲမှာလည်းအိမ်ရာအရောင်းပွဲကိုကြေငြာပေးမှာဖြစ်ပါတယ်။
ထိုစာရင်းတွင်မိမိအမည်ပါဝင်ပါကအိုးအိမ်ရုံးတွင်လျောက်ထားနိုင်ပြီဖြစ်ပါတယ်။
လျောက်ထားပြီး၍ အိမ်ရာဝယ်ယူခွင့်ရရှိပြီဆိုတော့မှ အခန်းနှင့်အလွှာကိုမဲနှိုက်တာဖြစ်ပါတယ်။
အခန်းရရှိပြီးတဲ့နောက်ဘဏ်နှင့်စာချုပ်ချုပ်တော့မယ့်အခါမှအိမ်ရာတန်ဖိုး၏၃၀%ကိုDownpaymentပေးရမှာဖြစ်ပါတယ်။
(Downpaymentမှာမိမိစုဆောင်းထားသည့်သိန်း၃၀နှင့်လိုအပ်သည့်ငွေဖြစ်ပါတယ်)
ဒါဆို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ရောင်းချသည့်အိမ်ရာများအားချေးငွေသက်တမ်း ၈နှစ်၊ ၁၀နှစ်၊ ၁၅နှစ်ဖြင့် အရစ်ကျ ၀ယ်ယူနိုင်ပြီ ဖြစ်ပါသည်။
အိမ်ရာရရှိပြီးဘဏ်နှင့်ချေးငွေစာချုပ်ချုပ်ဆိုပြီးလျှင် အိမ်ရာပေါ်တွင် တက်ရောက်နေထိုင်နိုင်ပြီ ဖြစ်ပါသည်။
နေထိုင်ရင်းနဲ့မှ လစဉ်အရစ်ကျ ပြန်လည်ပေးသွင်းသွားရမှာဖြစ်ပါတယ်။
မြို့ပြနှင့်အိုးအိမ်ကတစ်နှစ်ကိုအနည်းဆုံး၃ကြိမ်(သို့မဟုတ်)၄ကြိမ်လောက်အရောင်းပွဲပြုလုပ်ပေးပါတယ်။
(၈)ခန်းတွဲ(၅)ထပ် (၄၈၄/၅၂၂/၁၁၀၀)စတုရန်းပေ
(၆)ခန်းတွဲ(၅)ထပ် (၄၆၈)စတုရန်းပေ